ဝေဖန်မှုများစွာရှိနေတဲ့ ငါတို့အားလုံးရဲ့မြေ Music Video နဲ့ပက်သက်ပြီးအဆိုပါ MV ကို တေးရေး ၊တေးဆို ၊ ဇာတ်လမ်း ၊ ဒါရိုက်တာ အဖြစ် တာဝန်ယူရိုက်ကူးထားတဲ့ ယုန်လေးအပါအဝင် မိတ်ဆွေများဖြစ်ကြတဲ့ အကယ်ဒမီမြင့်မြတ်နဲ့ အခြားအနုပညာရှင်တချို့က ဒီကနေ့ သြဂုတ်လ၆ရက်နေ့မှာ ရုပ်ရှင်အစည်းအရုံး ကတာဝန်ရှိသူတွေကို လာရောက် ရှင်းပြခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ်နဲ့ပက်သက်လို့ ရုပ်ရှင်အစည်းအရုံးဘက် ကနေ မည်သို့ဆောင်ရွက်ရ မလဲဆိုတဲ့ အကြောင်းတွေကိုအစည်းအဝေးပြုလုပ် ဆုံးဖြတ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ခုလိုပြောပြခဲ့ပါတယ်။