နိုင်ငံရေးသမိုင်းကြောင်းကို သေချာမလေ့လာဘဲ ရိုက်ကူးထားပြီး နိုင်ငံရေးသမိုင်းကြောင်းကို နားလည်မှု လွဲစေတယ်ဟုဆိုကာ ဝေဖန်မှုများစွာရှိနေတဲ့ ငါတို့အားလုံးရဲ့မြေ Music Videoကို တေးရေး ၊တေးဆို ၊ ဇာတ်လမ်း ၊ ဒါရိုက်တာ အဖြစ် တာဝန်ယူရိုက်ကူးခဲ့ တဲ့ ယုန်လေးကို ရုပ်ရှင်အစည်းအရုံးကနေ ဒါရိုက်တာ အဖြစ်သော်လည်းကောင်း ၊ သရုပ်ဆောင်အဖြစ်သော် လည်းကောင်း ရိုက်ကူးရေး လုပ်မှုများအားလုံးအတွက် ထောက်ခံချက်ပေးမှုများကို တစ်နှစ်ရပ်ဆိုင်းမယ်လို့သိရပါတယ်။ ဒီအကြောင်းကို ဒီကနေ့ သြဂုတ်လ ၇ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဦးစီးအမှုဆောင်များအစည်းအဝေးမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ခုလို ပြောကြားခဲ့ပါတယ်။