တရုတ်ဘက်မှ ဝင်ခွင့်စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် ကြူကုတ်(ပန်ဆိုင်း)ဝင်ပေါက်ဖွင့် သော်လည်း သစ်သီးတင်ယာဉ်များစွာ ရပ်တန့်စောင့်ဆိုင်းနေရပြီး အခက်အခဲဖြစ်ပေါ်နေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံဝမ်တိန်သို့ သစ်သီးတင်ပို့တဲ့ ယာဉ်တွေဟာ ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဂိတ်မှတဆင့် သစ်သီးတွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်တင်ပို့ခဲ့ပေမယ့် တရုတ်ဘက်မှ ဝင်ခွင့်စစ်ဆေးရာမှာ ကြန့်ကြာနေမှုတွေကြောင့် သစ်သီးတင်ယာဉ် များစွာ ဟာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကြူကုတ် (ပန်ဆိုင်း) သွားရာလမ်း တစ်လျှောက်မှာ ရပ်တန့် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။