ရေဘေးသင့် မြောက်ကိုရီးယား ပြည်သူများအတွက် အစားအသောက်နှင့် နေစရာများ စီစဉ်ပေးရန် ကင်ဂျုံအန် ညွှန်ကြား
ရေလွှမ်းမိုးမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရာနဲ့ချီတဲ့ မိသားစုတွေအတွက် အစားအသောက်နဲ့ နေစရာတွေ စီစဉ်ပေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အစိုးရတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။