ဂယ်လာပါလာဂို့စ်ကျွန်းအနီးက တရုတ်ငါးဖမ်းသင်္ဘောများကိစ္စကို ဆွေးနွေးရန် အီကွေဒေါနှင့်တရုတ် သဘောတူ
အီကွေဒေါနိုင်ငံ၊ ဂယ်လာပါဂို့စ်ကျွန်းရဲ့ သီးသန့်စီးပွားရေးဇုန်အနီးမှာ တရုတ်ငါးဖမ်းသင်္ဘောတွေနဲ့ တခြားအလံလွှင့်ထား တဲ့ ငါးဖမ်းသင်္ဘောတွေ ဒါဇင်ချီရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် တရုတ်ဟာ အီကွေဒေါနဲ့ဆွေးနွေးဖို့ သဘော တူလိုက်တယ်လို့ သြဂုတ်လ ၆ ရက်နေ့မှာ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီး လူးဝစ်ဂါလီဂို့စ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။