"ဆိုးပေ" ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်သွားမှာပါဆိုတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ သားလေး မင်းရွှေရောင်တင် (ရုပ်သံ)
ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်) ရိုက်ကူးမယ့် "ဆိုးပေ" ဇာတ်လမ်းတွဲမှာဆိုရင်တော့ ရွှေမန်းသဘင်မှ တင်မောင်ဆန်းမင်းဝင်းရဲ့သားဖြစ်သူ မင်းရွှေရောင်တင် က "ဆိုးပေ" ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲက သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရုပ်ရှင်အတွေ့အကြုံဖြစ်တာကြောင့် ရင်ခုန်နေတဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။