ဖယ်ရန်တောရက်စ်က မန်စီးတီးအတွက် တစ်ပွဲမှ မကစားရသေးပါဘူး။ ဒါပေမဲ့ နာမည်ကျော် အားကစားဂျာနယ်လ် ဂွီလမ်ဘယ်လာဂွီက ဖယ်ရန်တောရက်စ်ကို ခေါ်ယူလိုက်နိုင်တယ်ဆိုရုံနဲ့ မန်စီးတီး အမြတ်ထွက်နေပြီလို့ တင်စားတယ်။
ကျွမ်းကျင်သူတွေက ဖယ်ရန်တောရက်စ်ရဲ့ ကစားပုံကို စီရော်နယ်လ်ဒို ငယ်ငယ်က ကစားပုံနဲ့ ခိုင်းနှိုင်းတယ်။ ဒါပေမဲ့ ဖယ်ရန်တောရက်စ်က Morden Winger ပိုဆန်ပါတယ်။ သူက ခေတ်ပေါ် ဘောလုံးလောကရဲ့ တောင်းဆိုမှုတွေနဲ့ ပိုပြီးသဟဇာတဖြစ်မယ့် အလားအလာ ရှိနေတယ်။