ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီးဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခုကိုဖော်ပြနိုင်တော့မည်ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ဟာ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကြပ်အအတည်းများကိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီးဖြေရှင်းနိုင်မည့် လမ်းကြောင်း တစ်ခုကိုဖော်ပြနိုင်တော့မှာဖြစ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားပါတယ်။