ဆေးရုံတက်နေသည့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို ဆရာဝန်များက ဂျာမနီသို့ ပြောင်းရွှေ့ကုသခွင့်မပြု
အဆိပ်မိထားတယ်လို့ယူဆရပြီး ဆိုက်ဘေးရီးယားဆေးရုံမှာတင်ထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်နီရဲ့ အခြေအနေဟာ ဂျာမနီကိုရွှေ့လို့ရလောက်တဲ့အထိ ကောင်းမနေဘူးလို့ ရုရှားဆရာဝန်တွေကပြောပါတယ်။