သြဂုတ် ၂၅ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ စစ်တွေ ပြည်သူများအား ရခိုင်ပြည်နယ်ပြင်ပ မထွက်ရန် စည်းကမ်းသတ်မှတ်ခြင်းသည် ထိန်းချုပ်လိုခြင်း မဟုတ်ဘဲ ရောဂါကို ကာကွယ်လိုခြင်းသာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
■ အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းမည် ဖြစ်ကြောင်း တပ်မတော်ကြေညာ
■ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသည့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ်မှ ကိုးဦး၊ မွန်ပြည်နယ်မှ တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ
■ သံလွင်မြစ် ရေကြီးခြင်းကြောင့် ရှမ်းတောင်နှင့် ရှမ်းမြောက်တွင် ရေကြီးရေလျှံကာ နေအိမ်များ ရေနစ်မြုပ်