မက်ဆီအတွက် မန်စီးတီးဟာ ဒုတိယမြောက် Comfort Zone လား

မက်ဆီအတွက် မန်စီးတီးဟာ ဒုတိယမြောက် Comfort Zone လား
Published 29 August 2020

ဂွါဒီယိုလာနဲ့ ပြန်လည်ပေါင်းဖက်ခန်းဟာ မက်ဆီရဲ့ အဖြစ်နိုင်ဆုံးအနာဂတ်များလား။ မန်စီးတီးဟာ ပြန်လည်တည်ဆောက်ဆဲကာလမဟုတ်ဘူး။ သူတို့ဟာအောင်ပွဲတွေအတွက် ခိုင်မာမှုရှိနေပြီ။ ချန်ပီယံလိဂ်အောင်မြင်မှုအရသာ မခံစားရသေးပေမယ့် နှစ်စဉ်နှစ်တိုင်းမျှော်လင့်ချက်ကြီးကြီးထားလို့ရနေပြီ။

ဂွါဒီယိုလာလက်ထဲက မန်စီးတီးဟာ မက်ဆီအတွက် ဒုတိယမြောက် Comfort Zone လို့လည်း ယူဆနေကြတယ်။ဘာစီလိုနာထက် ပိုကောင်းမယ့် Comfort Zone တစ်ခုရဲ့ အရိပ်အောင် မက်ဆီ ပြေးထွက်မယ်ဆိုရင်လည်း အပြစ်မြင်စရာအကြောင်းမရှိပါဘူး။ Comfort Zone ထဲမှာ မှော်ဆန်တဲ့စွမ်းဆောင်ရည်ကို လူတိုင်းမဖန်ဆင်းနိုင်ဘူး မဟုတ်လား။