ဥရောပမြို့ကြီးများတွင် COVID - 19 ထိန်းချုပ်ရေးများကို ဆန္ဒပြနေပြီး ဂျာမနီတွင် ၃၀၀ ဦး အဖမ်းခံရ
ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ ကန့်သတ်တားမြစ်ချက်တွေကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ဂျာမနီနိုင်ငံ၊ မြို့တော်ဘာလင်မှာတော့ ဆန္ဒပြသူ ၃၀၀ လောက် ဖမ်းဆီးခံလိုက်ရပါတယ်။