သြစတြေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့မှာ စက်တင်ဘာ ၁၃ ရက်က Stay at Home အမိန့်ကို ချိုးဖောက်ပြီး လော့ဒေါင်း ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ရာ လူ ၇၀ ကျော်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ တချို့ဆန္ဒပြသူတွေကတော့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။