ရွှေ့ပြောင်းအခြေချများကို ဟန့်တားရန် အမေရိကန်က မက္ကဆီကို ဘက်ခြမ်းသို့ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်
မက္ကဆီကိုနိုင်ငံ တီဝါနာမြို့ရှိ နယ်စပ်တံတိုင်းကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံ အတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းအခြေချ ၁၅၀ ခန့်ကို တားမြစ်ဖို့ ဇန်နဝါရီ ၁ရက်နေ့ နံနက်ပိုင်းမှာ အမေရိကန် နယ်စပ်စောင့် တပ်ဖွဲ့ဝင်များက မက္ကဆီကို ဘက်ခြမ်းကို မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။