သြစတြေးလျနိုင်ငံ တက်စ်မေးနီးယား ကမ်းလွန်တွင် ဝေလငါးများ အုပ်စုလိုက် သောင်တင်မှု ဖြစ်ပွားခဲ့ပြီး အကောင်ရေ ၉၀ ခန့် သေဆုံး
သြစတြေးလျနိုင်ငံတောင်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ ပင်လယ်အော်တစ်ခုမှာ သောင်တင်နေတဲ့ ဝေလငါး အကောင်ရေ ၂၇၀ ထဲမှာ အကောင်ရေ ၉၀ လောက် သေဆုံးခဲ့ပြီး နောက်ထပ် အကောင်ရေ ၁၈၀ လောက်ဟာလည်း သောင်တင်နေဆဲ ဖြစ်တာကြောင့် စက်တင်ဘာ ၂၂ ရက်နေ့မှာ ကယ်ဆယ်မှုတွေ ခက်ခက်ခဲခဲ စတင်လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။