သူက ဘောလုံးကမ္ဘာရဲ့ အလေးစားခံရဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်တယ်။ ပိုချက်တီနို၊ ဂွါဒီယိုလာ၊ ဆီမြွန်နီတို့က သူ့တပည့်တွေ ဖြစ်တယ်။ သူဟာ ပဟေဠိဆန်တယ်။ ခပ်ကြောင်ကြောင်လို့ ယူဆခံရတဲ့သူလည်း ဖြစ်တယ်။ ကဲလွန်း၊ သည်းလွန်းတဲ့သူလည်း ဖြစ်တယ်။ သူကတော့ မာဆယ်လိုဘီယဲလ်ဆာပါပဲ။
လိဒ်စ်အနေနဲ့ စိတ်ဝင်စားစရာ ကစားဟန်တစ်ခုကို ပိုင်ဆိုင်ထားပါပြီ။ ဒါပေမဲ့ ဒါက အရာအားလုံးမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာပါ။ ပိုကောင်းတဲ့ ကစားသမားတွေ၊ ပိုကောင်းတဲ့နည်းပြတွေနဲ့ ကြုံတွေ့ရပါမယ်။ ဘီယဲလ်ဆာအတွက်ရော၊ လိဒ်စ်အတွက်ရော ဖြေဆိုရမယ့် အရည်အချင်းစစ်စာမေးပွဲတွေ ကျန်ပါသေးတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘီယဲလ်ဆာရော၊ လိဒ်စ်အသင်းရောဟာ ဒီရာသီပရီးမီးယားလိဂ်အတွက် အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ Topic တွေ ဖြစ်လာမယ်ဆိုတာပါပဲ။