■ ၁၉၄၈ ဇန်နဝါရီလ၄ရက်နေ့မှာ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီး ကမ္ဘာ့မြေပုံရဲ့ တစ်နေရာမှာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကဗ္ဗည်းတင်နိုင်ခဲ့ပါတယ်။
■ ၁၈၂၄ခုနှစ် ဘကြီးတော်မင်းလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲကစလို ၁၈၅၂ခုနှစ် ပုဂံမင်းလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲနဲ့ ၁၈၈၅ခုနှစ် သီပေါမင်းလက်ထက် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲဆိုပြီး ကုန်းဘောင်မင်းဆက်ဘုရင်သုံးပါးကို စစ်ပွဲသုံးကြိမ်ဆင်နွဲပြီး မြန်မာပြည်ကို တစတစသိမ်းပိုက်လာခဲ့တဲ့ အင်္ဂလိပ်နယ်ချဲ့တို့ရဲ့ ကိုလိုနီကျွန်သဘောက်ဘဝကနေ လွတ်မြောက်လာတဲ့ မြန်မာတစ်မျိုးသားလုံးရဲ့ အောင်ပွဲကြီးပါပဲ။