ဆယ်စုနှစ်သုံးခုအတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် တစ်ဦးသေဆုံး
ဆယ်စုနှစ်သုံးခုအတွင်း ထိုင်းနိုင်ငံကို ပထမဆုံးဝင်ရောက်တဲ့ အပူပိုင်းမုန်တိုင်းဖြစ်တဲ့ ပါဘက်ဟာ ဇန်နဝါရီလ(၄) ရက်နေ့က တောင်ပိုင်းကမ်းခြေကို ဝင်ရောက်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး မုန်တိုင်းလမ်းကြောင်းတစ်လျှောက်က သစ်ပင်တွေ အမြစ်မှကျွတ်ထွက်ကာ အိမ်အမိုးတွေ လွင့်စင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။