ပထမဆုံးအကြိမ်မဲပေးရမယ့် လူငယ်မဲဆန္ဒရှင်တွေကိုလှုံ့ ဆော်ဖို့အတွက် ရည်ရွယ်ပြုလုပ်သည့် Tune Up To Vote 2020 ဂီတဖန်တီးမှုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် အဆိုတော်မိစန္ဒီကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ပထမဆုံးအကြိမ်မဲပေးရမယ့်လူငယ်တွေဟာ လူဦးရေ ငါးသန်းလောက်ရှိတာကြောင့် သူတို့ရဲ့ မဲ တွေက ရွေးကောက်ပွဲအတွက် အရမ်းအရေးပါလို့ ပြိုင်ပွဲကတစ်ဆင့်လှုံဆော်ချင်ပြီး ဒီလိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ဖို့ ကမ်းလှမ်းခံရတဲ့အတွက်ဝမ်းသာကြောင်းနဲ့ ကိုယ်တိုင်ရဲ့ မဲစပေးချိန် အမှတ်တရ ခံစားချက်တွေအကြောင်းကို မိစန္ဒီကခုလိုပြောပြခဲ့ပါတယ်။
Tune Up To Vote 2020 ဂီတဖန်တီးမှုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ထားပါတယ် ၊ လူငယ်အချင်းချင်းဖန်တီးထားတဲ့ သီချင်းတွေကတစ်ဆင့် လူငယ်တွေကို မဲပေးကြဖို့ လှုံ့ ဆော်နိုင်မယ်ထင်ပါတယ် - မိစန္ဒီ