ဝေဘာဂီဆေးရုံမှာ volunteer အဖြစ် ပါဝင်ကူညီဖြစ်တာတစ်ပတ်လောက်ရှိပါပြီ ၊မနေ့ကတင် ဝေယျာဝစ္စတွေလုပ်ပေးခဲ့တဲ့လူနာက နောက်နေ့ ဆုံးသွားပြီဆိုတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေလဲကြုံခဲ့ရတယ် - ဒေးဗစ်လိုင်
အဆိုတော်ဒေးဗစ်လိုင်ကတော့ Covid -19 Second Wave မှာ volunteer လူအင်အားပိုလိုအပ်တယ်ဆိုတဲ့သတင်းကြောင့် ဝေဘာဂီဆေးရုံမှာ volunteer အဖြစ် ပါဝင်ကူညီပေးတာ တစ်ပတ်ခန့်ရှိပြီလို့ သိရပါတယ်။ ဆေးရုံမှာvolunteer အဖြစ်ကူညီဆောင်ရွက်စဉ် တွေ့ကြုံခဲ့ရတဲ့ လူနာတွေနဲ့ပက်သက်တဲ့ စိတ်မကောင်းစရာအကြောင်းအရာတွေ ၊ Volunteer တွေရဲ့ တစ်နေ့တာလုပ်ငန်းစဉ်တွေအကြောင်းနဲ့ လူနာတွေကို ခုလို လာရောက်ကူညီဖို့ ဆုံးဖြတ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဒေးဗစ်လိုင်က ခုလိုပြောပြခဲ့ပါတယ်။