“ဒီရွာမှာ လမ်းလုပ်ပေးမယ်၊ လျှပ်စစ်မီးလုပ်ပေးမယ်ဆိုပြီး မဲဆွယ်ကြတာများတယ်။ တကယ်တမ်းကျတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီဆိုရင် သူလုပ်ရမယ့်တာဝန်က ဒီအလုပ်ဖြစ်တယ်။ သူ့အိတ်ထဲကနေ ပိုက်ဆံစိုက်ပြီး လုပ်ပေးတာမျိုးမဟုတ်ဘူး။ ငါနင်တို့ကိုဒါလုပ်ပေးမယ် ငါ့ကိုမဲထည့်ပါဆိုပြီး မဲဆွယ်လို့ အဆင်မပြေပါဘူး။”
နန်းဆိုင်ဟွမ် (SNLD ပါတီ၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း)
မနန်းဆိုင်ဟွမ်ဟာ အသက်၂၅နှစ်သာရှိသေးပြီး ၂၀၂ဝရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင််မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနက် အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။