လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ကလွဲရင် ဒီဘက်အချိန်မှာ အကျပ်အတည်းဆုံးပဲ

လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ကလွဲရင် ဒီဘက်အချိန်မှာ အကျပ်အတည်းဆုံးပဲ
Published 12 October 2020

■ NLD အစိုးရသက်တမ်း ဒီ (၄)နှစ်ခွဲအတွင်းမှာ တဖြေးဖြေးနဲ့ ပြောတာဆိုတာ လုပ်တာကိုင်တာတွေက ပါတီတစ်ခုနဲ့တစ်ခု အထူးသဖြင့် တိုင်းရင်းသားပါတီတွေနဲ့ ဟသွားတာရှိတယ်၊ တဖြေးဖြေးနဲ့ ဝေးကွာလာတာရှိတယ်။

■ ကျွန်တော်တို့နိုင်ငံက အရမ်းကြီးအကျပ်အတည်းတွေ့တဲ့အခြေအနေပါ။ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ကလွဲရင် ဒီဘက်အချိန်မှာ အကျပ်အတည်းဆုံးပဲ၊ နိုင်ငံတကာအခြေအနေကိုကြည့် လိုက်ရင်လည်း ICJ မျိုးပေါ့။ တကယ့်နိုင်ငံကြီးတွေက ကျွန်တော်တို့ကို အဖက်မလုပ်တော့တဲ့ အနေအထားတွေရှိလာတယ်။ နိုင်ငံတကာဆက်ဆံရေးမှာကော ဘယ်နေရာမှ မထူထောင်နိုင်ဘူး။

■ ကျွန်တော်တို့ ရှမ်းပြည်နယ်လွှတ်တော်မှာ အများဆုံးရအောင် ကြိုးစားနေပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အခု ၂.၅ ရာခိုင်နှုန်းရှိပါတယ်။ အဲတော့ ၄.၅ ရာခိုင်နှုန်းလောက်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားပါတယ်။ ဒါကဘာလဲဆိုရင် လာမယ့်အစိုးရဖွဲ့စည်းရေးမှာ ကျွန်တော်တို့ bargaining လုပ်တဲ့ power ပိုများလာအောင် လုပ်ဖို့ စဉ်းစားထားတာရှိပါတယ်၊ ဒါပေမယ့် အသေးစိပ်ကတော့ ပြောလို့မရပါဘူး။

■ ကျွန်တော်တို့က ပါတီတစ်ခုကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေပါ အရာရာကို မျက်စိမှိတ်ပြီး ထောက်ခံနေမယ့်သူမဟုတ်ပါဘူး။

ဦးစိုင်းညွှန့်လွင် (ဒုတိယဥက္ကဋ္ဌ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD)