Johnson & Johnson ကစမ်းသပ်နေသောကိုဗစ်ကာကွယ်ဆေးကိုစမ်းသပ်အထိုးခံထားသူတစ်ဦးဖျားနာသဖြင့် ကာကွယ်ဆေးစမ်းသပ်မှုယာယီရပ်ဆိုင်း
ကာကွယ်ဆေးစမ်းသပ်မှုမှာပါဝင်သူတစ်ဦးမှာမရေရာတဲ့ ဖျားနာမှုကြောင့် စမ်းသပ်ဆဲကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရဲ ့လက်တွေ့စမ်းသပ်မှုတွေကိုယာယီရပ်ဆိုင်းလိုက်တယ်လို့ အောက်တိုဘာ ၁၂ရက်နေ့မှာ Johnson & Johnson ကကြေညာလိုက်လို့ကမ္ဘာ့ကပ်ရောထိန်းချုပ်ရေးအတွက် အထင်ကရ ကြိုးပမ်းမှုတစ်ခုအချိန်နှောင့်နှေးသွားခဲ့ရပါတယ်။