လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှု သိသိသာသာ မြင့်တက်ခဲ့ပြီး အာရှဒေသက အဆိုးဝါးဆုံးခံခဲ့ရဟု ကုလသမဂ္ဂပြော
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ကမ္ဘာပေါ်မှာ အလွန်ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပွားမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး လူ့အသက်ပေါင်းများစွာနဲ့ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ကာ အာရှဒေသက သဘာဝဘေးအန္တရာယ်ကို အဆိုးဝါးဆုံး ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့အဆိုအရ သိရပါတယ်။