၂၀၂၁ ဥရောပနွေဦးရာသီဆီ လှမ်းမျှော်ကြည့်လိုက်ရင် ရင်ခုန်စရာအပြောင်းအရွှေ့ ဇာတ်လမ်းတွေ ရှိနေပါလိမ့်မယ်။ အရည်အသွေးမြင့်ထုတ်ကုန်တွေ၊ ပါရမီရှင်တွေကို ပြောင်းရွှေ့ကြေးပေးစရာမလိုဘဲ အခမဲ့ ခေါ်ယူခွင့်ရရှိနိုင်မယ့် ၂၀၂၁ ဥရောပနွေဦးရာသီပါပဲ။ အခမဲ့ခေါ်ယူခွင့်ရရှိမယ့် ကစားသမားတွေရဲ့ နာမည်ကို ကြည့်လိုက်တဲ့အခါ မက်ဆီ၊အဂွဲရိုး၊ အိုဇေးလ်၊ ဒီပိုင်းတို့ ပါဝင်နေ၊ သူတို့သာ သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းမတိုးဖြစ်ဘူးဆိုရင် လာမယ့်ဇန်နဝါရီမှာ အနာဂတ်အကြောင်း အခြားအသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိပါပြီ။