■ ဒေါ်အေးနုစိန် (ပြောရေးဆိုခွင့်ရှိသူ၊ ရခိုင်အမျိုးသားပါတီ - ANP)
ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ် စုစုပေါင်း (၉)မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းနှင့် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာအုပ်စု အများအပြားတွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေငြာချက်အပေါ် ရခိုင်အမျိုးသားပါတီမှ ဒေါ်အေးနုစိန်၏ သဘောထားအမြင်ကို မေးမြန်းတင်ဆက်ထားခြင်းဖြစ်ပါသည်။