ယူနိုက်တက်ကို စွန့်ခွာပြီးနောက် လူကာကူဟာ သွင်းဂိုးမှတ်တမ်းတွေသာမကဘဲ တစ်ဦးချင်းအောင်မြင်မှုတွေလည်းရလာတယ်။ ယူရိုပါလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာ၊ ဘရာဇီးလ်ဂန္ထဝင်ရော်နယ်လ်ဒိုနောက်ပိုင်း အင်တာမီလန်အတွက် ပွဲဦးထွက်ရာသီမှာ သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့တာ၊ အဲဒီအရာတွေဟာ ယုံကြည်ပြီး လွတ်လပ်၊ ပေါ့ပါးနေတဲ့ လူကာကူကို ပြန်ဖြစ်စေခဲ့တာပဲ။
ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ယူနိုက်တက်ကို လူကာကူ စွန့်ခွာလိုက်တာ မှန်ကန်တဲ့လုပ်ရပ်လို့ ထောက်ခံတယ်။ ဆိုးလ်ရှားက ကစားသမားတွေဆီကနေ အကောင်းဆုံးအရာတွေ ထွက်ပေါ်လာအောင် မလှုံ့ဆော်နိုင်ဘူး။ သူ့မှာ နည်းဗျူဟာ ပြောင်းလဲနိုင်မယ့်အတွေးအခေါ်မျိုးလည်း မရှိဘူး။ လူကာကူကိုလည်း ခပ်လွယ်လွယ် အဆုံးရှုံးခံခဲ့တယ်။ အခုကျမှ “ အို ငါတော့မှားပြီ” ဆိုပြီး သက်ပြင်းတွေမှုတ်ထုတ်နေတယ်။