"၂၀၁၅ရွေးကောက်ပွဲမှာ (၇)နေရာကနေ ၂၀၂ဝမှာ (၂၂)နေရာဖြစ်သွားတယ်ဆိုတာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နေရာများလာလေလေ ကျွန်တော်တို့ ဒီမိုကရေစီက ဆုတ်ယုတ်သွားလေလေပဲ"
■ ဦးကိုကိုကြီး (ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာလ ၁၆ရက်နေ့ ထုတ်ပြန်ချက်အပေါ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏ သဘောထားအမြင်ကို မေးမြန်းတင်ဆက်ပေးခြင်းဖြစ်ပါသည်။