ကျောင်းဆရာတစ်ဦးခေါင်းဖြတ်သတ်ခံရပြီးနောက် သံသယဖြစ်ဖွယ် အစွန်းရောက်သမား ၂၀၀ ကျော်ကို ပြင်သစ်က နှင်ထုတ်မည်
အစွန်းရောက်တဲ့ ဘာသာရေးအယူအဆရှိသူတွေအဖြစ် စောင့်ကြည့်စာရင်းထဲမှာပါတဲ့ နိုင်ငံခြားသား ၂၃၁ ဦးကို ပြင်သစ်အစိုးရက နှင်ထုတ်ဖို့ပြင်နေတယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြင်သစ်မှာ ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံထားရပြီး ကျောင်းဆရာကိုဂုဏ်ပြုတဲ့ချီတက်ဆန္ဒဖော်ထုတ်မှုတွေ နိုင်ငံတဝန်း ပြုလုပ်နေကြပါတယ်။