ကိုရီးယားရုပ်ရှင်တွေရဲ့ အနုပညာဖန်တီးမှုတွေနဲ့ပက်သက်ပြီး သင်ယူလေ့လာချင်တာတွေရှိတာကြောင့် ကိုဗစ်ရောဂါ ပပျောက်တဲ့အချိန် ကိုရီးယားနိုင်ငံမှာ လေ့လာမှုတွေလုပ်ဖို့ ကိုရီးယားဘာသာစကားသင်နေတယ် - ခါရာ
သရုပ်ဆောင်ခါရာကတော့ ရုပ်ရှင်တွေရိုက်ကူးမှုတွေရပ်နားထားရတဲ့အချိန်မှာ အားလပ်ချိန်တွေကို ကိုရီးယားနဲ့ အင်္ဂလိပ်ဘာသာစကားတွေကိုသင်ယူလေ့လာဖြစ်နေတယ်လို့ဆိုပါတယ်။ ကိုဗစ်ရောဂါကင်းစင်သွားချိန်မှာလဲ ကိုရီးယားနိုင်ငံကိုသွားရောက်ပြီး အနုပညာဖန်တီးမှုပိုင်းနဲ့ပက်သက်လို့ သင်ယူလေ့လာချင်တာတွေကို သွားရောက် သင်ယူနိုင်ဖို့ ခုချိန်ကတည်းက ကိုရီးယားဘာသာ စကားကို ကြိုတင်လေ့လာဖြစ်နေတယ်လို့ ခါရာကခုလိုပြောပြခဲ့ပါတယ်။