■ မဲဆန္ဒနယ်တွေအားလုံးရွေးကောက်ပွဲကျင်းပနိုင်ခြေရှိမရှိအခြေအနေတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန သူတို့ဆီကသဘောထားမှတ်ချက်တွေကို တောင်းခံရယူခဲ့ပါတယ်။
ဦးမြင့်နိုင် (အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)
အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာသတင်းထုတ်ပြန်ရေး အခမ်းအနားတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၆ မြို့နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲမကျင်းပနိုင်ဆိုသည့် ကြေညာချက်နှင့်ပါတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်များမှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။