■ ၂၀၁၅ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အာဏာလည်းရှိတယ်၊ ငွေလည်းရှိတယ်။ အဲလိုအနေအထားမျိုးနဲ့တောင်မှ ကျွန်တော်တို့ကို နိုင်အောင်မပြိုင်နိုင်ခဲ့ဘူး။ အခုလက်ရှိအနေအထားမှာ ရလာဒ်ကတော့ ကျွန်တော်တို့၂၀၁၅ ထက်လျော့လိမ့်မယ်လို့ မထင်ဘူး။
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗမာပါတီ။ ဘာညာပေါ့။ ဒါအဓိပ္ပာယ် မရှိဘူး။ မလိုလို့ သွေးထိုးတဲ့ စကားပါ။ ဗမာပါတီဆိုလို့ရှိရင်လည်း ဗမာဝန်ကြီးချုပ်။ ကချင်မှာလည်း ဗမာဝန်ကြီးချုပ်၊ ရှမ်းမှာလည်း ဗမာဝန်ကြီးချုပ်၊ နောက်တစ်ခါ ကယားမှာလည်း ဗမာဝန်ကြီးချုပ် အဲလိုတွေဖြစ်ရမှာပေါ့။ ရခိုင်မှာလည်း ဗမာဝန်ကြီးချုပ်။ ဘယ်ဟုတ်မှာလဲ ဒေသခံတွေပဲ ကျွန်တော်တို့က ဝန်ကြီးချုပ်ခန့်ထားတာပါ။
■ ကိုဗစ်ကာလဖြစ်တယ်ဆိုတာလည်း မှန်တယ်။ သို့သော်လည်းပဲ တကယ်တမ်း ထောက်ခံအားပေးမှု ခြိမ့်ခြိမ့်သဲ လုပ်နေတာတွေက ပြောရလို့ရှိရင် မြင်မကောင်းအောင်ကိုပါပဲ။ တစ်ချို့ကလည်း Mask တပ်တယ်။ တစ်ချို့ကလည်း Mask မတပ်ဘူး။ အဲလိုတွေလုပ်ဖို့ ကျွန်တော်တို့က လုံးဝကိုပဲ အားပေးအားမြောက်တွေ မပြုခဲ့ဘူး။ ပြည်သူလူထုကကိုက ဒီလိုတွေ လုပ်နေတာ။ အဲဒီတော့ သန်းနဲ့ချီတဲ့ပြည်သူတွေကို ထောင်ထဲထည့်မလား။ သဘောပြောတာပါ။ အတတ်နိုင်ဆုံး ပညာပေးနေတာပဲ။
ဒေါက်တာအောင်မိုးညို (ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး)
■ Exclusive Interview : ဒေါက်တာအောင်မိုးညို (ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး)
Most Recent
3 hours ago
8 hours ago
1 day ago
1 day ago
2 days ago
2 days ago
3 days ago
3 days ago









