ကိုရီးယားယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာဂုဏ်ထူးဆောင်သံတမန်အဖြစ်ခန့်အပ်ခံရတဲ့ သရုပ်ဆောင်ခါရာ
ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး(၄၅)နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ သရုပ်ဆောင်ခါရာကို ကိုရီးယားယဉ်ကျေးမှု မြှင့်တင်ရေးသံတမန်အဖြစ် ဒီကနေ့ အာက်တိုဘာလ ၂၃ရက်နေ့က ကိုရီးယားသံအမတ်ကြီးနေအိမ်မှာခန့်အပ်ခဲ့ပါတယ်။
ခါရာဟာ ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင် ၊ ယဉ်ကျေးမှုတွေကိုမြတ်နိုးပြီး ယခင်ကလဲ ကိုရီးယား Culture နဲ့ပက်သက်တဲ့အထိမ်းအမှတ်ပွဲတွေမှာ တစ်ဖက်တစ်လမ်းကနေ အမြဲတမ်းကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တာ
ကြောင့်ခုလို သံတမန်အဖြစ်ဆောင်ရွက်ရာမှာလဲကိုရီးယားယဉ်ကျေးမှုတွေကိုမြန်မာမှာ ပိုပြီးကျယ်ပြန့်လာအောင်နဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကိုလဲ ကိုရီးယားမှာလူသိများလာအောင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ခါရာက ပြောပြခဲ့ပါတယ်။