■ ဒီပြည်ထောင်စုကြီးကို စုပေါင်းဆောင်ရွက်တဲ့ စနစ်နဲ့ ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက်နိုင်မှာဖြစ်သလို ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးကိုလည်း အာမခံနိုင်မှာဖြစ်ပါတယ်။
ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်- SNLD)
အောက်တိုဘာလ ၂၆ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တည်ထောင်ခြင်း (၃၂) နှစ်ပြည့် အခမ်းအနားကို Zoom Meeting Application ဖြင့် ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့သည့် ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ မိန်ခွန်းပြောကြားချက်များမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။