ဦးကျော်သူနဲ့ကိုထွန်းကိုကိုတို့ နှစ်ယောက်လုံး Covid positive ဖြစ်ပေမယ့် အကောင်း ဆုံးဖြတ်ကျော်နိုင်မယ်လို့မျှော်လင့်တယ်၊နှစ်ကြိမ် p ဖြစ်ထားတဲ့ ဦးကျော်သူလဲ တတိယအကြိမ်မှာ မျှော်လင့်တဲ့အဖြေရပါစေလို့ဆုတောင်းပါတယ် - ဇွဲလရောင်
လက်ရှိ ဝေဘာဂီဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဌ သရုပ်ဆောင် ဦးကျော်သူဟာကိုဗစ် နှစ်ကြိမ် စစ်ရာမှာ နှစ်ကြိမ်လုံး positive ဖြစ်နေပြီး ဦးကျော်သူကို လိုက်ပါစောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ထွန်းကိုကိုလဲ ကိုဗစ်ရောဂါကူးစပ်ခံထားရတယ်လို့သိရပါတယ်။လက်ရှိသူတို့နှစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ အကောင်းဆုံးဖြတ်ကျော်ပြီးပြန်လာနိုင်ဖို့ မျှော်လင့်တဲ့အကြောင်းတွေကိုနာကူအသင်းမှာကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက် လုပ်ကိုင်ပေးနေတဲ့ သရုပ်ဆောင်ဇွဲလရောင်က ခုလိုပြောပြခဲ့ပါတယ်။