ရုရှားတွင် တစ်ရက်အတွင်း ကူးစက်သူ ၁၆၀၀၀ ကျော်နှင့် သေဆုံးသူ ၃၂၀ ဦး ရှိလာပြီးနောက် လူအများကြား သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ရန် အာဏာပိုင်များ ညွှန်ကြား
ရုရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၆၅၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ပြီး မြို့တော်မော်စကိုမှာ ကူးစက်သူ ၄၃၀၀ ကျော် တွေ့ရှိခဲ့ကာ တစ်နိုင်ငံလုံးမှာ ကူးစက်သူပေါင်း ၁.၅ သန်းကျော် ရှိလာခဲ့တယ်လို့ သိရပါတယ်။