မီးမီးခဲမဆုံးခင်မှာ အစ်မနဲ့ဖုန်းပြော ၊ စာရေးပြီးဆက်သွယ်ဖြစ်ကြသေးတယ်၊ ရောဂါကို သတ္တိရှိရှိရင်ဆိုင်နိုင်တာကိုလေးစားပြီးကိုယ်တောင်သူ့လောက်ကြံ့ခိုင်နိုင်ပါ့မလားတွေးမိတယ်လို့ သူ့ကိုနောက်ဆုံးစကားအနေနဲ့ပြောဖြစ်ခဲ့တယ်-တင်ဇာမော်
အဆိုတော်တင်ဇာမော်ကတော့သူနဲ့အရမ်းရင်နှီးခင်မင်ခဲ့ရတဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်မီးမီးခဲနဲ့ အမှတ်တရတွေ ၊ ကိုယ်တိုင်သူ့လိုရင်ဆိုင်ရရင်စိတ်ကိုအဆင် သင့်ဖြစ်အောင်မီးမီးခဲဆီက သင်ယူစရာရလိုက်တဲ့အကြောင်းနဲ့ မီးမီးခဲကိုခွန်အား ပေးဝန်းရံကြတဲ့မိသားစုအသိုင်းအဝိုင်းတွေကိုသူ့အစားကျေးဇူးတင်ကြောင်း အဆိုတော်တင်ဇာမော်ကခုလိုပြောပြခဲ့ပါတယ်။