ဒီရစ်ဒါရဲ့ ချုပ်ကွက်မိသွားတဲ့ အောင်လအန်ဆန်ဟာ ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ Rear-Naked Choke ချုပ်ကွက်နဲ့ ပွဲသိမ်းခံလိုက်ရတာပါ။
Rear-Naked Choke ဟာ ဂျူဂျစ်စုရဲ့အခြေခံ ချုပ်ကွက်များစွာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဂျူဂျစ်စုမှာ ချုပ်ကွက်(၂၅)ခုကနေ (၄၀)ကျော်အထိ ရှိတယ်။ Rear-Naked Choke နဲ့ အချုပ်ခံရပြီဆို ဦးနှောက်ထဲကို သွေးစီးဆင်းမှု ရပ်တန့်သွားပြီး ကြာရင် နှလုံးခုန်တာတောင် ရပ်တန့်သွားနိုင်တယ်။ အောင်လအန်ဆန်ဟာ ဒီချုပ်ကွက်ကနေ လွတ်ဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့သလဲဆိုတာ အချုပ်ခံရတဲ့ အချိန် သူ့ရဲ့ နှာခေါင်းက ထွက်လာတဲ့ သွေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ သူ့အနေနဲ့ မဖြစ်မနေအခြေအနေမို့ အရှုံးပေးလိုက်ရတာကိုလည်း အားလုံးခံစားမိကြမယ်လို့ ထင်ပါတယ်။