တက္ကဆက်တွင် ထရန့်ကိုထောက်ခံသူများက ဂျိုးဘိုင်ဒင်မဲဆွယ်ရေးကားကိုလိုက်နှောင့်ယှက်ခဲ့မှု FBI စစ်ဆေး
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရဲ့ဟိုင်းဝေးလမ်းပေါ်မှာ လက်ရှိသမ္မတထရန့်ကိုထောက်ခံသူတွေပါတဲ့မော်တော်ယာဉ်တွေက ပြိုင်ဘက်သမ္မတလောင်းဂျိုးဘိုင်ဒင်ရဲ့မဲဆွယ်ရေးအဖွဲ့ပါလာတဲ့ဘတ်စ်ကားကို ဝန်းရံနှောင့်ယှက်ခဲ့တဲ့ကိစ္စ FBI ကစစ်ဆေးနေတယ်လို့သိရပါတယ်။