■ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု မျှော်လင့်သော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ရပ်များသည် သံသယဖြစ်ဖွယ်ဖြစ်ကြောင်းနှင့် ကော်မရှင်ကို အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း တပ်မတော်ထုတ်ပြန်
■ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးဝီရသူ လာရောက်အဖမ်းခံ
■ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ အတည်ပြုလူနာ (၁၂၀၂ ) ဦး ထပ်မံတွေ့ရှိရပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ( ၅၄၆၀၇) ဦးအထိရှိလာ
■ မလှိုင်-မြင်းခြံကားလမ်းအနီး ကမ္ဘားဖြူကျေးရွာအုပ်စုအတွင်းရှိ နေအိမ်ခြံဝန်းအတွင်း သစ်ပင်စိုက်ရန် မြေကျင်းတူးရာမှ ရပ်တော်မူကျောက်ဆင်းတု သုံးဆူတွေ့ရှိသဖြင့် အပူဇော်ခံထား