သြစတြီးယားနိုင်ငံ၊ ဗယင်နာမြို့လယ်တွင် သေနတ်သမားများက လိုက်လံပစ်ခတ်ခဲ့သဖြင့် နှစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရ
စက်ဆုပ်စရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ သြစတြီးယား အာဏာပိုင်တွေက ပြောကြားခဲ့တဲ့ နိုဝင်ဘာ ၂ ရက် တိုက်ခိုက်မှုအတွင်း သေနတ်သမားတွေဟာ ဗီယင်နာမြို့ရဲ့ အဓိကရဟူဒီဘုရားကျောင်း အပြင်ဘက်ကနေ စတင်ကာ မြို့လယ်နေရာ ခြောက်ခုကို တိုက်ခိုက်ခဲ့ကြတာကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။