“၂၀၁၉ ခုနှစ် နှစ်သစ်မှာ ကျပ်သိန်းတစ်သောင်းဆု ကံထူးခဲ့တဲ့ မဆုမြတ်နန္ဒာ ရဲ့ ရှေ့ဆက် ရည်မှန်းချက်”

“၂၀၁၉ ခုနှစ် နှစ်သစ်မှာ ကျပ်သိန်းတစ်သောင်းဆု ကံထူးခဲ့တဲ့ မဆုမြတ်နန္ဒာ ရဲ့ ရှေ့ဆက် ရည်မှန်းချက်”
Published 7 January 2019

၂၂ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း တစ်သောင်း ဆုကိုတော့ မော်လမြိုင်မြို့က လွှတ်တော်ရုံး စာပို့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မဆုမြတ်နန္ဒာက ကံထူးခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ထဲက ထီ ထိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ဝန်းကျင်မှာလည်း ကျပ် ၁၀ သိန်းဆု ပေါက်ခဲ့သူဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ကျပ်သိန်းတစ်သောင်းဆုပေါက်ခဲ့ပြီး ရွှေတိဂုံဘုရား ကိုဘုရားဖူးလာတဲ့အချိန် အရှေ့ဘက်မုခ်မှာ ထီထိုးခဲ့ရာမှ ကံထူးခဲ့တာပဲ ဖြစ်ပါတယ်။ သိန်းတစ်သောင်းဆု ပေါက်ပြီးနောက် မဆုမြတ်နန္ဒာရဲ့ ရှေ့ဆက်လုပ်သွားမယ့် ရည်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ စကားသံတွေကို Eleven Broadcasting ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Most Viewed

Most Recent