ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် နောက်ကျရောက်လာသော စာတိုက်မဲများရေတွက်မှုယာယီရပ်ဆိုင်းရန် ထရန့်စည်းရုံးရေးအဖွဲ့ကတောင်းဆို
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ နောက်ကျမဲရေတွက်မှုယာယီရပ်ဆိုင်းရေးအတွက် နိုဝင်ဘာ၄ ရက်မှာသမ္မတဒေါ်နယ်ထရန့်ရဲ ့မဲဆွယ်စည်းရုံးရေးအဖွဲ့က တောင်းဆိုထားပြီး ပင်ဆယ်လ် ဗေးနီးယားပြည်နယ်အတွင်းက ရွေးကောက်ပွဲအနိုင်အရှုံးရလဒ်ကိုအဆုံးအဖြတ်ပေးနိုင်တဲ့ စာတိုက်မဲကိစ္စကို တရားရုံးချုပ်က ဝင်ရောက်ဖြေရှင်းပေးဖို့မေတ္တာရပ်ခံထားတယ်လို့လည်းသိရပါတယ်။