အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည့် ဂါဘွန်နိုင်ငံတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း အစိုးရကြေညာ
ဂါဘွန်နိုင်ငံမှာ သမ္မတဖြစ်သူ ပြည်ပကို ရောက်ရှိနေချိန်မှာ စစ်သားတစ်စုက အာဏာသိမ်းယူဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပေမယ့်လည်း အဲဒီကြိုးပမ်းမှုဟာ အောင်မြင်မှုမရခဲ့ဘဲ ပုန်ကန်သူတွေကို ဖမ်းမိထားပြီဖြစ်တယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။