ပြည်သူတစ်ယောက်ရဲ့ တာဝန်ကျေပွန်အောင် မခိုင် မဲပေးခဲ့ပါတယ် ၊ အသက်မပြည့်သေးတဲ့ထိပ်ထိပ် ကတော့ မဲမပေးရသေးလို့ လက်သန်းမှင်မစွန်းရဘူးဆိုပြီး စိတ်မကောင်းဖြစ်နေရှာတယ် - ခိုင်သင်းကြည်
ကိုဗစ်ကာလမှာ မိသားစုကိုအချိန်ပိုပေးဖြစ်တာဟာ အဆိုးထဲကအကောင်းလို့ သတ်မှတ်တယ်လို့ ဆိုတဲ့ သရုပ်ဆောင်အကယ်ဒမီခိုင်သင်းကြည်ကတော့ ကိုဗစ်ကာလမိသားစုဖြတ်သန်းမှုအကြောင်း တွေနဲ့ရွေးကောက်ပွဲနေ့ မဲပေးခဲ့တဲ့အတွေ့အကြုံ တွေ ၊ အသက်မပြည့်လို့ မဲမပေးရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ စံထိပ်ထားဦးအကြောင်းတွေကို ခုလိုပြောပြခဲ့ပါတယ်။