ရပ်ရှ်ဖို့ဒ်၏ ကလေးငယ်များ အခမဲ့ကျွေးမွေးသည့် အစီအစဉ်အတွက် ဗြိတိန်အစိုးရ ပေါင်သန်း (၁၇၀) အသုံးပြုမည်
ဗြိတိန်ရှိစာသင်ကျောင်းတွေမှာ ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေကို အခမဲ့ကျွေးမွေးမဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ အစီအစဉ်ရှေ့ဆက်ဖို့အဆိုမှာ အစောပိုင်းက လွှတ်တော်တွင်းမဲခွဲမှု၌ ရှုံးနိမ့်ခဲ့ပေမဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယင်းအစီအစဉ်အား ပြန်လည်ခွင့်ပြုကာ အစိုးရကထောက်ပံ့ငွေ ပေါင်သန်း (၁၇၀) အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။