တောင်ကိုရီးယားတွင် ၉လအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးတွေ့ရှိပြီးနောက် ဆိုးလ်မြို့တွင် ကန့်သတ်ပိတ်ပင်မှုများကို တင်းကျပ်
တောင်ကိုရီးယားနိုင်ငံမှာ ၉လအတွင်း နေ့အလိုက်ကူးစက်မှု အများဆုံးအဖြစ် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၆၃၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်တွေဟာ ဆိုးလ်မြို့တော်နဲ့ အနီးဝန်းကျင် ဒေသတွေမှာ social distancing စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်သွားမှာ ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာတွေက ဒီဇင်ဘာ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။