■ အမှုရှုံးတဲ့လူကတော့ မကျေနပ်ဘူးဆိုတာတော့ ဟိုးလက်ထက်ကတည်းကပါပဲ အခုမှဖြစ်တာ မဟုတ်ပါဘူး
“ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားရုံးဖြစ်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတာပေါ့။ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ပြည်သူတွေ စိတ်ချမ်းသာမှုရအောင် အတတ်နိုင်ဆုံး ကိုယ်စွမ်းရှိသ၍ ဉာဏ်စွမ်းရှိသ၍ ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်”
ဦးမျိုးညွှန့် (တိုင်းတရားသူကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်)