အိန္ဒိယတွင် အကြောင်းရင်းမသိရဘဲလူရာပေါင်းများစွာရောဂါဖြစ်ပွားခြင်းမှာခဲဆိပ်(သို့) ပိုးသတ်ဆေးအဆိပ်သင့်ခြင်းကြောင့် ဖြစ်နိုင်ဟု တာဝန်ရှိသူများ ပြော
အိန္ဒိယတောင်ပိုင်းပြည်နယ်၊ အန်ဒရာပရာဒက်ရှ်မှာအကြောင်းရင်းမသိရဘဲလူရာချီဆေးရုံတက်ခဲ့ရပြီးနောက် အဆိုပါ လူနာတွေရဲ့ သွေးနမူနာတွေထဲမှာခဲနဲ့ နီကယ်အမှုန်အစအနေတွေကို တွေ့ရှိရကြောင်း ဒီဇင်ဘာ ၈ ရက်မှာအိန္ဒိယအာဏာပိုင် တွေကထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။