ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုသူတွေနဲ့ပြန်လည်စည်ကားလာမယ်လို့ယုံကြည်တယ်-လွင်မိုး
ရုပ်ရှင်လုပ်ငန်းက ကိုဗစ်ကာလတစ်လျှောက်လုံးမှာဘယ်လိုမှဝင်ငွေမရခဲ့တဲ့ဇီးရိုးအနေအထားနဲ့အခက်အခဲတွေကို ကျော်လွှားနေရတယ်လို့ ဦးလွင်မိုး က ဆိုခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ရုပ်ရှင်ရုံတွေအနေနဲ့လည်း ရပ်နားထားရတာ လအတော် ကြာပြီ ဖြစ်တဲ့အတွက် ကိုဗစ်အခြေအနေငြိမ်သွားတဲ့ ကာလတစ်ခုမှာ ဒါမှမဟုတ် ကိုဗစ်ပြီးသွားတဲ့အချိန်ကိုရောက်လာခဲ့ရင် ရုပ်ရှင်ရုံတွေ ပြန်လည်ပြသဖို့ ညှိနှိုင်းရမယ့်အကြောင်းကို ဦးလွင်မိုး က အခုလိုပဲပြောပါတယ်။